Carbohydrate and Diabetes
ဆီးချိုရောဂါ ဘာကြောင့်ဖြစ်သည်ဟု ထင်ပါသနည်း။
မြန်မာလူမျိုးတွေမှာတော့ ဆီးချိုအဖြစ်များရခြင်းမှာ Carbohydrate(ကစီဓာတ်)များ အစားများခြင်း အဓိကအားဖြင့် ထမင်းအစားများခြင်းတို့ကြောင့် ဖြစ်သည်။
ကစီဓာတ်ဟူသည် ခန္ဓာကိုယ်တစ်နေ့တာလှုပ်ရှားသွားလာရန်အတွက် လိုအပ်သောစွမ်းအင်ကို ထုတ်လုပ်ပေးပါသည်။
သို့သော် လိုအပ်သည်ထက်ပိုသော Carbohydrateများစားသုံးခြင်း ဖြင့် ခန္ဓာကိုယ်အတွင်း Glucoseအနေဖြင့်ဖြိုခွဲခံရပြီး သကြားဓာတ်များ အဆီများတိုးလာစေပါသည်။ သကြားဓာတ်တိုးလာသည်နှင့်အမျှ သည်းခြေအိတ်မှ အင်ဆူလင်များထုတ်ကာ ပြန်လည်ထိန်းညှိပေးရသည်။
သကြားဓာတ်များလာလေလေ အင်ဆူလင်ထုတ်လုပ်မှုများလာလေဖြင့် အချိန်ကြာလာသောအခါ ယဉ်ပါးလာ၍ မထိန်းချုပ်နိုင်တော့ပဲ သွေးတွင်းသကြားဓာတ်များပါမြင့်တက်လာရာမှ ဆီးချိုရောဂါစတင်ဝင်ရောက်လာပါသည်။
ဆီးချိုရောဂါဖြစ်လာပြီဟုသိရလျှင် အများထင်ကြသည့်အတိုင်း အချိုအရသာရှိသည့်အစားအစာများကိုပဲ လျော့ချပေးရမှာမဟုတ်ပဲ Carbohydrateများကိုပါ ထိန်းချုပ်စားသုံးရပါမည်။
Carbohydrateစားသုံးမှုများခြင်းသည် ခန္ဓာကိုယ်တွင်း ပေါင်ချိန်တက်စေရုံသာမက သကြားဓာတ်များပါ မြင့်တက်လာစေကာ ဆီးချိုရောဂါဖြစ်ပွါးရခြင်း၏ အဓိကအရင်းမြစ်ဖြစ်စေသောကြောင့် အားလုံးအသက်ကိုဥာဏ်စောင့်ကြပါစေ။
အစာစားလျှင်၊ ဥာဏ်နှင့်ယှဉ်
ပျော်ရွှင်ကျန်းမာ၊ စိတ်ချမ်းသာ