Complications of Obesity
အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ
ကျွန်တော်တို့တွေ တဖြည်းဖြည်းအဝလွန်လာရခြင်းဟာ စားသောက်တဲ့ပုံစံ မမှန်ကန်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း မလုပ်ခြင်းနှင့် ကျန်းမာတဲ့ လူနေမှု ပုံစံ ရှိမနေခြင်း တို့ကြောင့်ပဲ ဖြစ်ပါတယ်။ အဝလွန်လာတဲ့ အခါမှာ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများသာမက ကျန်းမာရေးကိုပါထိခိုက်လာနိုင်ပါတယ်။
အဝလွန်ခြင်းဟာ ရောဂါတော်တော်များကို ဝင်လာဖို့ ဖိတ်ခေါ်နေသလို ဖြစ်ပါတယ်။ အဝလွန်ခြင်းဟာပုံမှန်မဟုတ်တဲ့အဆီတွေကိုယ်ထဲမှာစုပုံလာခြင်းဖြစ်ပြီးအနှုတ်သဘောဆောင်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုဖြစ်ပါတယ်။ (အဝလွန်ခြင်း သို့ အသံတိတ်လူသတ်သမားဟုပင် ဆိုလာကြပါတယ်။)
အဝလွန်ခြင်းဟာ နာတာရှည်ကျန်းမာရေးပြသာနာတစ်ခုဖြစ်ပြီး အဝလွန်ခြင်းကြောင့် ကင်ဆာရောဂါ၊ နှလုံးသွေးကြောရောဂါ၊ အဆစ်အမြစ်ယောင် ရောဂါ၊ သား/သမီးမရခြင်း၊ အမျိုးသမီးများရာသီမမှန်ခြင်း၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် အဝလွန်နေပါက ကလေးမီးဖွားရန်ခက်ခဲခြင်း၊ အသဲအဆီဖုံးခြင်း(ထိုမှတဆင့် အသဲခြောက်ခြင်း)၊ သွေတွင်း အဆီများလာသော ရောဂါ၊ ညဘက်အိပ်ပျော်နေစဉ် အသက်ရှူရန် ခက်ခဲပြီးအသက်ရှူရပ်ခြင်းစတဲ့ ရောဂါတွေဖြစ်လာနိင်ချေများပါတယ်။
အဝလွန်ခြင်းဟာ မိတ်ဆွေရဲ့ ဘဝအရည်အသွေးကိုလည်းကျစေပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်တဲ့ စိတ်ဓာတ်ကျခြင်း၊ ကိုယ့်ကိုယ်ကို လေးစားမှုနည်းပါးခြင်း၊ အရှက်ရခြင်း၊ လူအများနဲ့ကင်းကွာခြင်းတွေစီ ဉီးတည်နေပါတယ်။ အဝလွန်ခြင်းဟာ အမျိုးသားများထက် အမျိုးသမီးတွေမှာအဖြစ်များပါတယ်။ အဝလွန်ခြင်းဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ သေနိုင်လောက်သော အဖြစ်အများဆုံးရောဂါ ဖြစ်ပြီး ကလေးလူငယ်တွေမှာပါ အဖြစ်များလာတာတွေ့ရပါတယ်။
အထက်ပါစိတ်မကျန်းမာခြင်းနှင့် ရောဂါတွေ အားလုံးဟာ အစားအသောက်အနေအထိုင်တွေ မမှန်ကန်လို့ အဝလွန်လာရခြင်းရဲ့ နောက်ဆွဲ ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်။