Essential Nutrients
Nutrients ဆိုတာကတော့ ကျွန်တော်တို့ခန္ဓာကိုယ်ကြီး အသက်ရှင်ရပ်တည် နေထိုင်ဖို့အတွက် လိုအပ်တဲ့ အစာအာဟာရ အုပ်စုတွေပဲ ဖြစ်ပါတယ်။ အဆိုပါ အစာအာဟာရအုပ်စု စုစုပေါင်း (၆) ခု ရှိပါတယ်။
၁။ ကဆီဓာတ်အုပ်စု (Carbohydrate)
၂။ အသားဓာတ်အုပ်စု (Protein)
၃။ အဆီဓာတ် အုပ်စု (Fat)
၄။ ဗီတာမင်အုပ်စု (Vitamins)
၅။ သတ္ထုဓာတ်အုပ်စု (Minerals)
၆။ ရေဓာတ်အုပ်စု (Water) တို့ပဲ ဖြစ်ပါတယ်။
နံပါတ် ၁၊၂၊၃ အုပ်စုတွေကတော့ Macronutrients အုပ်စု (တစ်နည်းအားဖြင့် ခန္ဓာကိုယ်မှ ပမာဏ အများကြီး လိုအပ်တဲ့ အုပ်စု) ဖြစ်ပြီး၊
နံပါတ် ၄၊၅ အုပ်စုတွေကတော့ Micronutrients အုပ်စု(ခန္ဓာကိုယ်မှ ပမာဏ အနည်းငယ်သာ လိုအပ်တဲ့ အုပ်စု) အဖြစ်အုပ်စု နှစ်ခု ပြန်ပြီးခွဲပါတယ်။ ဒီအုပ်စု ၆ခုကို စားသုံးတဲ့အခါမှာ သတ်မှတ်ထားတဲ့ ပမာဏ ပြည့်မှီအောင် စားသုံးပေးဖို့ လိုအပ်သလို အစားအသောက်တွေ ရွေးချယ်တဲ့ အခါမှာ ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်ပြီးစားသောက်ဖို့ အရမ်း အရေးကြီးပါတယ်။
ဥပမာ-ပြုပြင်မွမ်းမန် ထားသော ဆန်၊ဂျုံ၊ သကြား၊အပိုထပ်ဆောင်းထည့်ထားတဲ့ အစားအသောက်တွေ၊ တိရစ္ဆာန်မှ ရသော အဆီတွေ၊ အသွင်ကူးပြောင်းသွားသော အဆီတွေဖြစ်ပါတယ်။
(JOY ရဲ့ Healthy Meal Box များနှင့် Meal Plan များဟာ အထက်ဖော်ပြပါ အစာအာဟာရအုပ်စု ၆ခုကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းများနဲ့ အညီ Nutritionist ကိုယ်တိုင် ရေးဆွဲဖန်တီးထားခြင်း ဖြစ်သည့်အတွက် ကျန်းမာရေးနဲ့ညီညွှတ်စွာ ဝိတ်ချနိုင်မှာပဲ ဖြစ်ပါတယ်။)