အိပ်ချိန် မှန်ခြင်း၊ မမှန်ခြင်းက Dietလုပ်တဲ့နေရာမှာ အရေးပါပါသလား။

သေချာပေါက် အရေးပါပါသည်။

လူတစ်ယောက်သည် အိပ်ချိန်ကို ၁၁နာရီနောက်ဆုံးထား၍ တစ်နေ့လျှင်ပျှမ်းမျှ ၆နာရီမှ –
၈နာရီအတွင်း အိပ်သင့်ပါသည်။

ကျွန်ပ်တို့ခန္ဓာကိုယ်သည် အိပ်သည့်ချိန်အတွင်းတွင် ဦးနှောက်နှင့်ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များလျော့ချပြီး နောက်တစ်နေ့တာအတွက် အသစ်ဖွဲ့စည်းတည်ဆောက်ခြင်းများ ၊ပြုပြင်ပြောင်းလဲခြင်းများ လုပ်ဆောင်ပါသည်။

ထို့ကြောင့် ညဘက် အိပ်ချိန်နောက်ကျခြင်း၊ အိပ်ချိန်မမှန်ခြင်းများက ခန္ဓာကိုယ်တွင်းဟော်မုန်းများကို ကမောက်ကမဖြစ်စေပြီး အချိန်အခါမဟုတ် အစားစားချင်စိတ်ဖြစ်ခြင်း၊ခဏခဏဗိုက်ဆာသည်ဟုခံစားရခြင်း၊ အပြင်စာ အကြော်အလှော်အချိုများအရသာပြင်းသည်များကို အာသီသဖြစ်ခြင်းများဖြစ်စေကာလိုအပ်သည်ထက် ပိုစားမိစေ၍ ဝိတ်တက်လာစေပါသည်။

ထို့အပြင် ဦးနှောက်နှင့်မှတ်ဉာဏ်စွမ်းရည်များ လျော့ကျခြင်း ၊ စိတ်ကျရောဂါဖြစ်ခြင်း၊အိုမင်းရင့်ရော်စေခြင်း နှင့် နာတာရှည်ရောဂါဖြစ်ပွါးမှုနှုန်းများခြင်း စသည့်နောက်ဆက်တွဲဆိုးကျိုးများဖြင့် ကျန်းမာရေးကိုလွန်စွာ ထိခိုက်စေပါသည်။

တစ်နေကုန်အလုပ်ပေးထားသော ဦးနှောက်နှင့်ခန္ဓာကိုယ်အား ညဉ့်နက်သည်ထိအနားမပေးမအိပ်ပဲအလုပ်လုပ်ခြင်းထက် ညဘက်အစောအိပ်၍ မနက်အစောထခြင်းကသာပို၍အသစ်သစ်သော အကြံဥာဏ်များကို ဖြစ်စေ၍အားလုံးမိမိအိပ်ချိန်ကိုသေချာဂရုစိုက်ပေးကြဖို့လိုအပ်ပါသည်။

Leave a Reply