60 Days Challenge (Batch – 10)

Details
Author Name -
Kaung Sat Aung (32 Lb loss)
Ref: Product -
Rating -


JOY ဆိုတာ အခြားသူတွေအတွက် မိတ်ဆွေကောင်းဖြစ်တယ်ဆိုရင် ကျွန်တော့် အတွက်ကတော့အသက်သခင်ကျေးဇူးရှင်လို့တောင် တင်စားထိုက်ပါတယ်။ ဘာလို့ပြောရလည်းဆိုရင် ကျွန်တော်ဟာနိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေရတဲ့သူတစ်ယောက်ဖြစ်တယ် အဲ့တော့အစားအသောက်စားတဲ့နေရာမှာ အလုပ်ချိန်အရမ်းများတဲ့အတွက်ဖြစ်သလိုပဲစားရတယ်။ နိုင်ငံကလည်းအအေးပိုင်းဒေသဖြစ်တာကြောင့်အသီးအရွက်ဆိုတာရှားပါးတယ်။ စျေးအလွန်ကြီးတယ်။ သခွါးသီးတစ်လုံးကို မြန်မာငွေ (1,600) ၊ကြက်သွန်နီတစ်လံုးတောင် (1,200) ဝန်းကျင် ရှိတယ်။ ဒါ့ကြောင့် အသီးအရွက်အစားနည်းခဲ့ပါတယ်။ ဒီအကျိုးဆက်က လူကို အရမ်းဝစေတယ်။ ဝိတ်ချဖို့ အတန်တန်ကြိုးစားပေမယ့်လည်း ဝိတ်က ကျမလာတော့ စိတ်ဓာတ်ပါ ကျလာခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ လွန်ခဲ့တဲ့ (2) နှစ် လောက် ကတည်းက JOY မှာ ဝိတ်ကျသွားတဲ့ လူတွေရဲ့ Video လေးတွေကို Facebook မှာ စတင်တွေ့ရှိခဲ့ရတယ်။ စိတ်ဝင်စားခဲ့ရတယ်။ ဒီလိုနဲ့ ဆက်သွယ်မေးမြန်းတဲ့အခါ Plan အတွက်လိုအပ်တဲ့အသီးအရွက်ဆိုတာ ငွေရှိတာတောင်ဝယ်လို့မရတဲ့ အနေအထားဖြစ်နေတဲ့အခါ မြန်မာနိုင်ငံပြန်မှ Weight ချရမယ့်အနေအထားဖြစ်လာတယ်။ ကိုဗစ်ကြောင့် လေယာဉ်တွေ ပိတ်ထားတာကြောင့် မြန်မာနိုင်ငံကို ချက်ချင်း မပြန်နိုင်ခဲ့ပါဘူး။ ကိုဗစ်ကာလမှာ အိပ်နေရင်းအသက်ရှူကျပ်ပြီး လှုပ်မရတာကြောင့် သေမလိုဖြစ်တဲ့ အကြိမ်ပေါင်း မနည်းခဲ့ပါဘူး။ အခန်းဖော်ဆိုရင် ကိုယ့်ကြောင့် အိပ်ရေးပျက်တဲ့အကြိမ်ပေါင်း များခဲ့တယ်။ အဲ့ဒီ့ နိုင်ငံမှာလည်းအိပ်နေရင်း အသက်ရှူကျပ်လို့သေဆုံးသွားရတဲ့ နိုင်ငံခြားသားပေါင်းများစွာရှိခဲ့တယ်။ အားလုံးလိုလိုဟာလည်း ဝတဲ့လူတွေချည်းပါပဲ။ ဒီလိုသတင်းတွေကြားတော့ ငါတော့ သေရတော့မှာပဲဆိုပြီးငိုကြွေးခဲ့ရတယ်။ကျတော်က ညဘက်အစာမစားပဲနေပြီး မနက်အလုပ်လုပ်ရတယ် ။ အစာမရှိတော့ တစ်လလောက်အကြာမှာ ဆေးခန်းပါတက်လိုက်ရတယ်။ နောက်ဆုံးလေယာဉ်တွေ ပြန်ဖွင့်ပြီဆိုတာနဲ့ ပြန်ဖို့လုပ်ခဲ့တယ်။ခွင့်ရက်ရှည်မပေးတဲ့ သူဌေးကို မင်းမပေးရင် ငါအပြီးပြန်မှာဆိုပြီးတော့တောင် ကိုယ့်အသက်ရှည်ဖို့အရေးအချေအတင်ကြိုးစားခဲ့ရတယ်။
Plan စဝင်ကတည်းက(ကိုယ့်အထင်ကအစာလျော့မှာပဲ/လေ့ကျင်ခန်းတွေအသည်းအသန်လုပ်ခိုင်းမှာလို့) ထင်မိပေမယ့် အစာလည်းအစားမပျက်သလို လေ့ကျင်ခန်းဆိုတာလည်း သက်တောင့်သက်သာလေးလုပ်ရင်း ပေါင်ချိန်တွေက ဒီဇင်လာနှင်းတွေလို တဖြုတ်ဖြုတ်ကိုကြွေပါတယ်။ စစဝင်ချင်း ငါဘာလို့များ JOY နဲ့အခုမှလက်တွဲမိတာလည်း စောစောလေးသာလက်တွဲ့ခဲ့ရင် ငါစောစောကျန်းမာမှာဆိုတဲ့နောင်တလေးတောင်ရမိတယ်။ JOY ကမီနူးလေးတွေကချက်ရင်း ကိုယ့်မိသားစုကပါ မြီးစမ်းကြည့်တော့သူတို့ကပါသဘောတွေကျလာတယ်။ ဒီလိုနဲ့ ကိုယ်ဝိတ်ချတာတစ်မိသားစုလုံး ဝိတ်ကျပြီး ကျန်းမာလာတယ်။ Trainer ညီမလေးတွေရဲ့ နေ့စဉ်နဲ့အမျှ ဂရုစိုက်ပေးမှုတွေက ရှာမှရှားပါပဲ။ ဆရာမလေး ညိုလဲ့ရည်ကလည်း အမြဲဂရုတစိုက် ဖုန်းဆက်တယ်။ သိလိုတာတွေကိုအမြဲတစ်စေ စိတ်ရှည်စွာနဲ့ဖြေရှင်းပေးတယ်။ အခကြေးငွေပေးလို့ Service ပေးတာထက်ကို ပိုတဲ့မေတ္တာတရားတွေနဲ့ကို စောင့်ရှောက်ပေးကြတယ်။ ဆရာမိုးသက်ဆွေရဲ့ Live လေးတွေလွှင့်ရင်လည်း ဗဟုသုတရလွန်းလို့ စာအုပ်လေးတွေနဲ့ရေးဖတ်ထားတက်တယ်။ဆရာဆိုရင်ကိုယ့်နာမည် ကောင်းဆက်အောင်ကိုအလွတ်တောင်ရနေပြီလေ။
Juice အကြောင်းလေးပြောရရင် ပထမအပတ်တုန်းကလုံးဝကို တန်ဖိုးမထားမိသလိုဖြစ်သွားတယ် (ဘာလို့လဲဆိုတော့အဲ့နေ့တွေမှာ အဖတ်မစားရဘူးလေ) ။ ဒုတိယအပတ် တတိယအပတ်တွေမှာကိုယ့်ဖာသာလုပ်ရတော့မှပဲ တန်ဖိုးကိုနားလည်မိတယ်။ နောက်ဆုံးအပတ်လာပို့တော့ အိုး ပျော်လိုက်တယ်ဆိုတာ ပြောပြမတက်ပါပဲ။ တန်ဖိုးဆိုတာ သိတဲ့သူလက်ထဲမှာပိုပြီးအဖိုးထိုက်တန်စမြဲပါ။
မရှိတာက ရှိအောင်လုပ်ပေးလိုက်လို့ရတယ် ဒါပေမယ့်မသိတာကျတော့သိအောင် ကိုယ့်ဖာသာပဲလုပ်ရတယ်ဆိုသလိုပါပဲ တန်ဖိုးမဖြတ်နိုင်တဲ့ကျန်းမာရေးအသိပညာတွေ အစာအဟာရတွေရဲ့ဆိုးကျိုး၊ကောင်းကျိုးတွေ၊ ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့စားသောက်နေထိုင်ပုံတွေ၊ အစာကိုဘေးမဖြစ်စေပဲ ဆေးဖြစ်စေတဲ့အသိညာဏ်ပညာတွေက ဒီနှစ်လအတွင်းမှာတော်တော်လေးသိခဲ့ရပါတယ် ။
အခုဆိုရင် ပတ်ဝန်းကျင်ကိုယ့်ကို”ဟယ် ပိန်သွားတယ်နော် “ဘာလို့လဲမေးပြီဆိုတာနဲ့ ကိုယ်က JOY ရဲ့အကြောင်းကို အာပေါင်အာရင်းသန်သန် ရှင်းပြပေးပြီးသားပဲ။ ကကြီးမှာလည်းကိုယ့်လိုလူဝကြီးတွေအတွက် ဟိုရောက်တာနဲ့ Marketing အခမဲ့ဆင်းပြီးသားပဲ။
JOY နဲ့လက်တွဲ့ခဲ့တဲ့ (2) လ တာအချိန်မှာ အခက်အခဲဆိုတာ မရှိသလောက်ပါပဲ။ JOY တစ်ဖွဲ့သားလုံးကိုလည်း အရမ်းအရမ်းကိုကျေးဇူးတင်ပါတယ်။
Recent Talks

60 Days Challenge (Batch -11)
အရင် ပေါင် (169) ပေါင်တုန်းက Heel စီးလို့မရခဲ့တာ အခု (145) ပေါင်ရောက်တဲ့ အချိန်မှာ ပြန်စီးလို့ရသွားပြီ။ (24) ပေါင်ကျခဲ့ပြီး ဒူးနာလဲ သက်သာလာလို့ JOY နဲ့လက်တွဲ ခဲ့ရတဲ့ ဒီရက် (60) လုံးဟာ ယုဝါအတွက်တော့ တန်ဖိုးအရှိဆုံးပါ။

60 Days Challenge (Batch – 10)
JOY ဆိုတာ အခြားသူတွေအတွက် မိတ်ဆွေကောင်းဖြစ်တယ်ဆိုရင် ကျွန်တော့်အတွက်ကတော့အသက်သခင်ကျေးဇူးရှင်လို့တောင်တင်စားထိုက်ပါတယ်။ JOY နဲ့လက်တွဲ့ခဲ့တဲ့ (2) လတာ အချိန်မှာ အခက်အခဲဆိုတာ မရှိသလောက်ပါပဲ။
60 Days Challenge (Batch-4)
2လအတွင်း Trainer မမတို့ရဲ့အားပေးမှု Coach Live မှ သိရတဲ့ ကျန်းမားရေးဗဟုသုတများနဲ့ JOY က ပို့ပေးတဲ့ Juice တွေ အရမ်းကိုသောက်ကောင်းပါတယ်။ Week 1ခု အပြီးမှာလုပ်ရတဲ့ IF လေးတွေနဲ့ အရမ်းကိုအဆင်ပြေနေပါတယ်။ ကျေးဇူးပါ JOY ။