What Is BMI?
BMI ရဲ့အရှည်ကောက်ကတော့ Body Mass Indexဖြစ်ပါတယ်။
BMI ခေါ် Body Mass Index ရဲ့ ပုံသေနည်းကတော့ ကိုယ်အလေးချိန်ကို အရပ်အမြင့်နဲ့ စားခြင်းဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ BMI ကိန်းဂဏန်းကို ကြည့်ခြင်းအားဖြင့် အဲ့ဒီလူတစ်ယောက်ဟာ ကျန်းမာတဲ့ခန္ဓာကိုယ် တစ်ခုကို ပိုင်ဆိုင်နေလား၊ မကျန်းမာတဲ့ ခန္ဓာကိုယ် တစ်ခုကို ပိုင်ဆိုင်နေလားဆိုတာ သိနိုင်ပါတယ်။ BMI ကိန်းဂဏန်း အလိုက် ခန္ဓာကိုယ်များကို အုပ်စု (5) ခုခွဲနိုင်ပါတယ်။
(1) Underweight Body (<18.5)
(2) Normal Weight Body (18.5-24.9)
(3) Overweight Body (25-29.9)
(4) Obese Body (30-34.9)
(5) Extremely Obese Body (35<)
ကျွန်တော်တို့အနေနဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ် တစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင် BMI အနေနဲ့ Normal Weight Body ရဲ့ Range အတွင်းမှာ ရှိဖို့ လိုအပ်ပါတယ်။ BMI ဂဏန်း 18.5 အောက်ဆိုရင် ဝိတ်တင်ပေးဖို့ လိုအပ်ပြီးတော့ BMI ဂဏန်း 24.9 နှင့် အထက်ဆိုလျှင် ဝိတ်ချပေးဖို့ လိုအပ်ပါတယ်။
အဝလွန်ခြင်းကို BMI အပြင် တခြားနည်းလမ်းများဖြင့်လဲ တိုင်းတာနိုင်ပါသည်။ (ဥပမာ -ခါးမှာရှိတဲ့ အဆီ ပမာဏနဲ့ တိုင်းတာခြင်း ( weight circumference) နည်းလမ်း)